moeminthar ၏

စိတ်ကူးတည့်ရာရေးထားသော ဘလော့ခ်

Archive for August, 2008

အနန္တငါးပါး ဘုရားရှိခိုး

Posted by Zwe on August 24, 2008

ဘုရားရှင်အတွက်
ဗုဒ္ဓဂုဏော အနန္တောဟု ကျော်စောထင်ရှား သုံးပါးရပ်သူ နတ်လူဗြဟ္မာ သတ္တာဝါကို ခေမာသာခေါင် နိဗ္ဗာန်သောင်သို့ ရွှေဖေါင်မဂ္ဂင် သင်္ဘောယဉ်နှင့် ကယ်တင်ဆောင်ယူ ပို့တော်မူသည့် နတ်လူတို့ထိပ်ပန်း ရဟန်းတို့ဆရာ အစိန္တေယျာဟု အနန္တဂုဏ်အင် ကျေးဇူးရှင်ကို။ အဟံ၊ တပည့်တော်သည်။ ဝန္ဒေ ဝန္ဒာမိ၊ ရှိခိုးပါ၏ အရှင်ဘုရား။

တရားတော်အတွက်
ဓမ္မဂုဏော အနန္တောဟု တည်သောကမ္ဘာသတ္တဝါလူနတ် အထပ်ထပ်ကို လေးမြတ်ကြင်နာ အဝိဇ္ဇာနှင့် တဏှာသံယော ကိလေတောမှ ဆေးကြောသုတ်သင် မြူမတင်အောင် ရှောင်ကြဉ်ပေတတ် တရားတော်မြတ်ကို။ အဟံ၊ တပည့်တော်သည်။ ဝန္နေ ဝန္နာမိ၊ ရှိခိုးပါ၏ အရှင်ဘုရား။

သံဃာတော်အတွက်

သံဃဂုဏော အနန္တောဟု လောဘဒေါသ မောဟကင်းကွာ တဏှာကာမ ကိလေသနှင့် ရာဂအမိုက် နှစ်ချိုက်မပျော် မမွေ့ လျော်ဘဲ ရှင်တော်ဟောကြား မြတ်တရားကို မှတ်သားကြည်ညိုမဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း မှန်သည် မြတ်မွန်ထေရ်ကျော် သံဃာတော်တို့ ဂုဏ်တော်ကြီးစွ အနန္တကိ။ အဟံ၊တပည့်တော်သည်။ ဝန္နေဝန္နာမိ၊ ရှိခိုးပါ၏ အရှင်ဘုရား။

Advertisements

Posted in Religion | Leave a Comment »

သဗ္ဗဇယမင်္ဂလာ ဂါထာတော် (ဒိဝါ တပတိ ဂါထာတော်)

Posted by Zwe on August 8, 2008

ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိ စန္ဒိမာ။

သန္နဒ္ဓေါ ခတ္တိယော တပတိ၊ဈာယီ တပတိ ဗြဟ္မဏော။

အထ သဗ္ဗမဟောရတ္တိ ၊ဗုဒ္ဓေါ တပတိ တေဇသာ။

တာဒိသံ တေဇသမ္မန္နံ၊ ဗုဒံ္ဓ ဝန္ဒာမိ အာဒရံ။

န မက္ကာရာ နုဘာဝေန၊သဗ္ဗေပူရေ န္တု သင်္ကပ္ပါ။

Posted in Religion | Leave a Comment »

သြကာသကန်တော့လွှာ

Posted by Zwe on August 8, 2008

ရည်ရွယ်ချက်ပြည့်စုံသော သြကာသကန်တော့ခန်း

သြကာသ သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံတည်းဟူသော အပြစ်ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်း အကျိုးငှာ ဘုရားရတနာ တရားရတနာ သံဃာရတနာတည်းဟူသော ရတနာမြတ်သုံးပါး(ဆရာသမား)တို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုး ပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ (အရှင်ဘုရား)။

(ဆုပေးမည့် ပုဂ္ဂိုလ်ရှိလျှင် ဤတွင်ရပ်ပါ)
ဆုပေးမည့် ပုဂ္ဂိုလ်မရှိလျှင် အောက်ပါဆုတောင်းအတိုင်း ဆက်၍ဆိုကာ ဆုတောင်းပါ။

ကန်တော့ရသော ဤကောင်းမှုကံ စေတနာတို့ကြောင့် အပါယ်လေးပါး၊ ကပ် ၃-ပါး၊ ရပ်ပြစ် ၈-ပါး၊ ရန်သူမျိုး ၅-ပါး၊ ဝိပ္ပတ္တိတရား ၄-ပါး၊ ဗျသနတရား ၅-ပါး၊ အနာမျိုး ၉၆-ပါး၊ မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို လျှင်မြန်စွာ ရပါလို၏ (အရှင်ဘုရား)။

Posted in Religion | Tagged: | Leave a Comment »

၁၂ ဇူလိုင် ၂၀၀၈ (ရန်ကုန် လေဆိပ်)

Posted by Zwe on August 7, 2008

တစ်နှစ်ကျော် စောင့်လာခဲ့ရတဲ့ အချိန်တစ်ခုကိုရောက်လာပြီပေါ့လေ… သွားခါနီးမှာစိတ်ထိခိုက်စရာတွေ မကြုံရလေအောင် သားသားကို သူ့အဖိုး အဖွား တွေစီမှာ သိပ်ထားတာလဲ ရက်ရသွားပြီဆိုတော့ အနည်းအကျဉ်းစိတ်ခိုင်တယ်ပေါ့…

ဒီ ခရီးကို အဆင်ပြေချောမွေ့စေဖို့ တော်တော်အကွက်စိအောင် စဉ်းစား စီမံထားတာ…လေဆိပ်မရောက်ခင်တော့ အကုန်လုံး အိုကေ မှာ စိုပြေလို့…..

ရန်ကုန် အင်တာနေရှင်နယ် လေဆိပ် အသစ်ကြီးကို ရောက်တော့ …. အမလေး… များလိုက်တဲ့ လူတွေ….လေဆိပ်ကို ပြည့်ရော… နံက်ခင်း စင်္ကာပူသွားမယ့် လေယာဉ် နှစ်စင်းက အချိန်သိပ် မကွာဘူးဆိုပဲ..(MAI, SILK AIR)

ပြောရလျှင်တော့….. တခြားနိုင်ငံသွား လေကြောင်းလိုင်းတွေစီးဖူးပေမယ့် စင်္ကာပူ တိုက်ရိုက်သွား လေယာဉ် မစီးဖူးတော့ Luggage ပေါင်ပိုမှာစိုးလို့ ကျနော်တို့တွေ ပြင်ဆင်လိုက်ရတာလည်း ဖတ်ဖတ်ကိုမောလို့…

လေဆိပ်မှာလဲ ထုံးစံအတိုင်း ဘာလိုလိုကောင်တွေက ပေါင်ပိုသယ် အတွက်ကို ညှိပေးလို့ရတဲ့ ပုံစံမျိုးတွေဖမ်းလို့ပေါ့ဗျာ…ကိုယ်လဲ ယောင်နန နဲ့ (အမှန်တော့ ပေါင်ပိုလျှင် ပိုက်ဆံပေးရမှာကို စိုးရိမ်လို့) ဟိုကြည့် ဒီကြည့်ပေါ့…. ဆက်ရန်…….

Posted in experiences | Leave a Comment »