Zwe Hlaing Bwa

စိတ်ကူးတည့်ရာရေးထားသော ဘလော့ခ်

လက်ထားနည်း (၆)နည်း

Posted by Zwe Hlaing Bwa on June 30, 2020


၁။ ညာဘက်လက်ဖမိုးကို ညာဘက်ဒူးပေါ်တွင်၄င်း၊ ဘယ်ဘက်လက်ဖမိုးကို ဘယ်ဘက်ဒူးပေါ်တွင် ၄င်း၊ သက်တောင့်သက်သာ တင်ထားပါ။

၂။ ညာဘက်လက်ဖဝါးကို ညာဘက်ဒူးပေါ်တွင်၄င်း၊ ဘယ်ဘက်လက်ဖဝါးကို ဘယ်ဘက်ဒူးပေါ်တွင် ၄င်း၊ သက်တောင့်သက်သာ တင်ထားပါ။

၃။ လက်နှစ်ဘက်ကို ဒူးနှစ်ဘက်စီသို့ ဆန့်တန်းပါ။ ညာဘက်လက်ကောက်ဝတ်ဖြင့် ညာဘက်ဒူးကိုချိတ်၍၊ ဘက်ဘက်လက်ကောက်ဝတ်ဖြင့် ဘယ်ဘက်ဒူးကို ချိတ်ထားပါ။

၄။ လက်နှစ်ဘက်ကို လက်မနှစ်ခုထိ၍ ရှေ့တည့်တည့်သို့ဆန့်တန်းပါ။ လက်ဖဝါးနှစ်ဘက်ကို ကြမ်းပျဥ်ပေါ်သို့ချပါ။ တံတောင်ကို လျှော့ချလိုက်ပါ။ တံတောင်သည် ခန္ဓာကိုဘေးနှစ်ဘက်တွင်ထိနေပါလိမ့်မည်။

၅။ နံပါတ် (၄) အနေအထားတွင် လက်ဖဝါးနှစ်ခုကို အနည်းငယ်စီ ချဲလိုက်ပါ။ ခြေသလုံးများပေါ်သို့ တင်နေပါလိမ့်မည်။

၆။ လက်ချောင်းများကို စိလိုက်ပါ။ ဘယ်ဘက်လက်ဖဝါးပေါ်သို့ ညာဘက်လက်ဖဝါးကို ထပ်လိုက်ပါ။ လက်မနှစ်ခုမှာ တစ်တန်းတည်းရှိနေပြီး မထိတထိအနေအထားတွင် ရှိနေပါလိမ့်မည်။ ထပ်ထားသောလက်ကို ရှေ့တွင် အလိုက်င့်လေးချလိုက်ပါ။ တံတောင်များကို ခန္ဓာကိုယ်တွင် ကပ်ထားရပါမည်။

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.